MOSFET စစ်ဆေးခြင်း

 Description


MOSFET စစ်ဆေးခြင်း

Mosfet ကို အင်ဗာတာတွေမှာ Driver Transistor အဖြစ်အသုံးပြုထားပြီး အဖွင့်ပိတ် 

တစက္ကန့်လျှင် အကြိမ် ၅၀ ဖြစ်သောကြောင့် အလွန်ပူပါတယ ဒါကြောင့် အင်ဗာတာပျက်လျှင် ယင်း FET တွေသာ အပျက်များပါတယ် သူနှင့် တွဲရမယ့် Oscillator Card ကိုလည်း မြင်တွေ့ရမှာပါ အမြဲတမ်းစုံဂဏန်းဖြစ်ပြီး ပါဝါများလျှင်များသလို များလာတတ်ပါတယ် ကဒ်များကို ဈေးကွက်အတွင်း ဈေးချိုချိုဖြင့် အလွယ်တကူ ဝယ်ယူနိုင်ပြီး FET များကိုလည်း Z44 နံပါတ်တမျိုးဖြင့်သာ ယခင်က တွေ့ရသော်လည်း ယခု ပိုမိုကောင်းမွန်တဲ့ အမျိုးအစားများလည်း ဈေးကွက်အတွတ် ဝင်ရောက်လျက်ရှိနေပါပြီ ။ 


Mosfet transistor တွေသည် BJT Transistor တွေနဲ့ အများကြီးခြားနားပါတယ် ယင်းတို့တွင် ခြေထောက် ၃ ချောင်းပါဝင်သော်လည်း လုပ်ဆောင်ပုံမှာ တမျိုးတဘာသာဖြစ်ပါတယ် ။ ၎င်းတွင် Gate , Drain , Source ဟူ၍ ခြေထောက်သုံးချောင်းကို သတ်မှတ်ထားပြီး N-Channel နှင့် P-Channel ဟူ၍လည်း နှစ်မျိုးနှစ်စားရှိပြန်ပါသေးတယ် N-Channel တွင် Drain ကို ပါဝါ အဖိုနှင့်ချိတ်ဆက်ထားရမည်ဖြစ်ပြီး Source ကို Gnd ချထားပေးရပါမယ် ။ Drain နှင့် Source ကိုမီတာဖြင့်တိုင်းတာကြည့်သောအခါ Diode တလုံးကဲ့သို့ လျှပ်စီးကိုတဘက်သပ်သာစီးခွင့်ပြုထားပေသည် သို့သော် Gate ကို အဖိုဓါတ်အနည်းငယ် ပေးလိုက်သည်နှင့် Gate ပွင့်သွားပြီး Drain နှင့် Source ကိုချိတ်ဆက်ပေးလိုက်ခြင်းဖြင့် လျှပ်စစ်စီးဆင်းစေပါမယ် ။


အမဓါတ်ပေးလိုက်သောအခါ Gate ပြန်ပိတ်သွားမည်ဖြစ်ပါ၍ Drain နှင့် Source 

ကိုအဆက်အသွယ်ဖြတ်ပေးလိုက်ပါလိမ့်မယ် ထူးခြားချက်မှာ ရိုးရိုး BJT Transistor တွေမှာကဲ့သို့ ပေးသွင်းဗို့ပျောက်သွားလျှင် ပိတ်သွားခြင်းမျိုးမဟုတ်ပဲ အဖိုဓါတ် အမဓါတ် သွင်းပေးမှသာ ဖွင့်ခြင်းပိတ်ခြင်းလုပ်ပါလိမ့်မယ် ။ ဗီဒိယိုဖိုင်ထဲတွင် Z44N တလုံးကို စစ်ဆေးစမ်းသပ်ပုံကိုတင်ပြထားပါတယ် ။ ၎င်းပစ္စည်းသည် Voltage Control ဖြစ်ခြင်းကြောင့် Voltage အနည်းငယ်ဖြင့်ပင် အဖွင့် အပိတ်လုပ်ပေးနိုင်စွမ်း ရှိကြပါတယ် FET ရဲ့ Drain ခြေထောက်နှင့် body သည်အဆက်အသွယ်ရှိပါတယ်


Mosfet = Metal Oxide Semi-Conductor Field Effect Transistor


ကျမ်းမာကြပါစေ

crd

လျှပ်စစ်ကျောင်းသား



Post a Comment

Previous Post Next Post