LCD & BackLight အလုပ်,လုပ်ပုံ အဆင့်ဆင့်

 LCD & BackLight အလုပ်,လုပ်ပုံ အဆင့်ဆင့်

<<<<<<<<<O>>>>>>>>>


DISPLAY အပိုင်းတွေကို လေ့လာတော့မယ်ဆိုရင်

အပိုင်း( ၂ )ပိုင်းခွဲခြားထားမယ်။


1.  LCD Type & 

2.  OLED Type


1.   LCD Type မှာမှ ရုပ်ထွက်(Data)ပိုင်းနဲ့ ၊ အလင်းပိုင်း(BackLight)ဆိုပြီး ပြန်ခွဲခြား။

      Data ပိုင်းအတွက် စစ်ဆေးရမယ့် အချက်တွေကတော့


      1.1.  (J1801)LCD Socket ကို ပေးသွင်းဗို့အနေနဲ့ VIO18_PMU ကပေးသွင်းထားတဲ့ (C1825 & C1826)မှာ 1.8V ရှိ/မရှိ စစ်။ မရှိရင်

              PMU(MT6351) က ထွက်/မထွက် တိုင်းတာရပါမယ်။ အဲ့ဒီ VIO18 မထွက်ရင်တော့ သေချာပါပြီ  No Power ပါ။


      1.2.  အရင် Huawei တွေမှာ ဆိုရင် 1.8 ပြီး၊ 2.8v ။ 

              ဒါပေမယ့် Mi နဲ့ အခြား မော်ဒယ်တွေမှာတော့ 5Vထုတ်ပေးမယ့် (5V PA iC) တစ်လုံး ထည့်သွင်းအသုံးပြုလာပါပြီ။

              ဘာကြောင့် PA လို့သတ်မှတ်ပြစ်လိုက်သလဲလို့မေးရင်... ပုံမှန် Standby Volt ထက် ကျော်လွန်ပြီး 5Volt ၀န်းကျင် ပြန်ထုတ်ပေးနိုင်အောင်လို့ ပါဝါ ချဲ့ထွင်မှု ဆိုတဲ့ (Power Amplify) အနေနဲ့ စွမ်းပေးရလို့ပါပဲ။

 

              အဲ့ဒီ 5V PA ကနေမှ (+5V) နဲ့ (-5V) ဆိုပြီး LCD Socket ကို လိုအပ်တဲ့ (VDD) နဲ့ (VSS)ဗို့အဖြစ် ထပ်မံထောက်ပံ့ပေးထားပါတယ်။

              (+5V)အတွက် အ၀င်စစ်ဆေးရန် Socket ရဲ့ ပင်နံပါတ်(28 or C1806)မှာ တိုင်းတာကြည့်လို့ရပါတယ်။ (+5V) ကျော်ကျော်လေးရှိပါမယ်။

              

              (-5V)ကိုတော့ Socket Pin number (29 or C1807)မှာ တိုင်းတာပါ။

              (C1802 for(+5V) & C1803 for(-5V)) အဲ့ဒီ Condenser နှစ်လုံးကတော့ (5V PA) မှ Output ထွက်/မထွက် တိုင်းတာဖို့ရန် ဖြစ်ပါတယ်။

အဲ့ဒီ Condenser နှစ်လုံးမှာ Volt ထွက်မနေတော့ဘူးဆိုရင်တော့ (5V PA)iC ကိုယ်တိုင် ကို ပြဿနာ တန်းမရှာပါနဲ့ဦး။ 


              (5V PA) Chipset အလုပ်,လုပ်နိုင်ဖို့ လိုအပ်ချက်လေးတွေ စစ်ဆေးရပါဦးမယ်။  


Input (VIN)အနေနဲ့ VSYS volt နဲ့ (BQ-iC) ကနေ Dropper Resistor [R1801(0R)] တစ်လုံးရယ်၊ Filter အဖြစ်အသုံးပြုထားတဲ့ (C1831) ရယ်၊ 

Switch အနေနဲ့ ခတ်ပေးမယ့် Boost Inductor (L1803) ဒါတွေက Input အပိုင်း၊ Output ထွက်ပေါ်စေဖို့ Control ,  Enable ရောက်နိုင်ဖို့ 

ဗဟိုထိန်းချုပ်မှုစနစ် ဆိုတဲ့ CPU ကနေ Control လုပ်ပေးရပါမယ်။ CPU က Control လုပ်နိုင်ဖို့ CPU ရဲ့ သာကူစံပင် (H34) ကို EINT10 လမ်းကြောင်းနဲ့ 

(R1809)အာတစ်လုံးကို ဂရောင်းချပြီး CPU ကို သတင်းလှမ်းပို့ပါတယ်။ အဲ့ဒီအခါကျမှ 

CPU ကနေ (5V PA) အတွက် လိုအပ်တဲ့ Enable ပြန်ထုတ်ပေးလိုက်ပါတယ်။ CPU ကနေ Enable ရောက်/ မရောက်ကို (R1812)မှာ တိုင်းတာရပါမယ်။


              (5V PA) ကို CPU ကနေ ထိန်းချုပ်ထားတဲ့ (i2C)လေးတစ်စုံကလည်း ရှိနေပါသေးတယ်။ အဲ့ဒီ (i2C) ထိန်းချုပ်မှု ရှိ/မရှိ ကိုတော့ 

Pullup Resistor တစ်စုံဖြစ်တဲ့ (R506 & R507) တွေမှာ (1.8V)၀န်းကျင် ထွက်နေရပါမယ် (VIO18_PMU) ဗို့ နဲ့ တွန်းထားလို့ပါ။  "pullup Resistor" လို့ ဆိုလိုက်တိုင်း သူ့တို့ကိုရှာမယ်ဆိုရင် iC ရဲ့ ညာဘက်ဘေးမှာ နှစ်လုံး ယှဉ်လျက်လေး တွေ့ရမှာပါ။  တစ်ချို့ ပူးအပ် အာ လေးတွေကတော့ CPU ၀န်းကျင်၊ ဒါမှမဟုတ် CPU ကပ်လျှက်မှာ နှစ်လုံး ယှဉ်လျက်ကလေး တွေ့ကြရမှာပါ။ (မူသေ တွက်ထားလို့ မရနိုင်ပါဘူး)...


ဒါဆို DATA ပိုင်းအတွက်က Volt တွေ ရရှိသွားပါပြီ။ သြော်... မေ့တော့မလို့ ... (5V iC) မှာ Regular စီလေးတစ်လုံး (C1805-bypass) နဲ့

ကူပလင်းအနေနဲ့ အသုံးပြုထားတဲ့ (C1804) တွေ ကောင်းမကောင်းလည်း စစ်ဆေးစရာလိုအပ်တယ်နော်...


              Volt စုံရင် ID ပါ။  အဲ့ဒီ အိုင်ဒီ က ဘယ်အချိန်ထွက်လာတာလဲဆိုရင်တော့...


              LCD Socket ရဲ့ ပင်အရေအတွက်ရယ် သူ့ရဲ့ LCD အမျိုးအစား မှန်ကန်နေရင် LCD ရဲ့  ID ကို CPU က မှန်ကန်ကြောင်း ဆုံးဖြတ်ပေးလိုက်ပါလိမ့်မယ်။ 


ID ကို အနည်းအကျဉ်းသိထားဖို့လိုပါမယ်။ [တစ်ဘက်နိုင်ငံကို ဖြတ်သန်းဖို့အတွက် Identification Card ကို ပြရပါမယ်။ 

ID မှန်မှ တစ်ဘက် နိုင်ငံကို ဖြတ်သန်းခွင့်ရရှိမှာပါ။] 

              CPU ကလည်း သူ့နဲ့ ကိုက်ညီတဲ့  LCD အမျိုးအစားမှန်ကန်နေမှသာ LCD နဲ့ ပါတ်သက်တဲ့ 

ကျန်တဲ့ ကိစ္စ၊ ဝိစ္စ တွေကို ဆက်ပြီး လုပ်ဆောင်ပေးနိုင်မှာဖြစ်နေလို့ပါပဲ။ 


ဒါဆို... ID ထွက်မထွက်ကို CPU ကနေ (C422) နဲ့ Filter အနေနဲ့ထွက်တယ်။  Dropper Resistor (R1808 Zero Ohm)တစ်လုံးနဲ့ LCD Socket ရဲ့ ပင်နံပါတ် (2 )မှာ တိုင်းတာလို့ရပါတယ်။


              နောက်တစ်ချက်က လမ်းကြောင်းရှင်းပေးတယ်ဆိုတဲ့ (Data Erase) တစ်ဖြစ်လည်း "RESET" 

သူ ထွက်/မထွက်ကို တော့ Socket ရဲ့ ပင်နံပါတ်(4)နဲ့ (T1804)တွေမှာ တိုင်းတာလို့ရပါတယ်။ (1V ကနေ 1.8V)၀န်းကျင်ရှိနေရပါမယ်။

              Reset ရောက်ရင် CPU ကနေ ပုံရိပ်တွေ ထုတ်ပေးနိုင်ဖို့ FRAME တစ်ကြောင်း CPU ကို ရောက်ဖို့ လိုအပ်ပါသေးတယ်။ 

အဲ့ဒီ FRAME အတွက် တိုင်းတာရမှာကတော့ ပင်နံပါတ် (5) & (T1803) မှာ တိုင်းတာရပါမယ်။ 


CPU ကို FRAME ရောက်သွားရင်တော့ CPU က Data ပုံရိပ်တွေ ထုတ်ပေးလိုက်ပါတယ်။ အဲ့ဒီ ပုံရိပ်တွေကို MIPI Signal လို့ သိထားကြပါတယ်။

ပုံရိပ်လမ်းကြောင်းတွေဖြစ်တဲ့ MIPI Signal တွေကိုတော့ MIPI Coil တစ်ဖြစ်လည်း (Transformer Coil)  (၅)လုံးနဲ့ EMI Filter အနေနဲ့ 

အသုံးပြုထားပါတယ်။ (EMI Filter)တွေရဲ့ အကြောင်းကိုတော့ Basic Electronic မှာ နားလည်ထားခဲ့ရပါမယ်။  သူတို့လေးတွေကိုလည်း စစ်ဆေးဖို့ လိုအပ်ပါမယ်။ ဘာလို့ဆိုတော့... သူတို့လေးတွေ "ဖင်ထောင်နေရင်လည်း Connection ပြတ်တောက်မှု ဖြစ်တတ်လို့ပါ။ သူတို့ ခြေထောက် လေးချောင်း ဆက်သွယ်ပုံက ပင်နံပါတ် (2 နဲ့ 3) , (1 နဲ့ 4) တို့ဟာ တစ်ဆက်တည်းစီ ဖြစ်နေရပါမယ်။  


              အပေါ်အချက်အလက်တွေ ပြည့်စုံမှန်ကန်နေလျှင်တော့ ပုံရိပ် Data ပိုင်း ပြည့်စုံပြီမို့ ရုပ်ပုံတွေ ထွက်နေပါပြီ။

              ဤ အကြောင်းအရာများသည် Redmi Note 4 (MTK) (MT-6797) ကို အခြေခံထားပါသည်။


              အဲဒီ ရုပ်ပုံ Data တွေကို ရှင်းလင်းပြတ်သားစွာ မြင်ရစေဖို့ အလင်းထုတ်ပေးမယ့်အပိုင်းလို့ဆိုတဲ့ (Lighting -or- BackLight)ပိုင်း

အကြောင်းအရာတွေကိုတော့ သိပြီးကြလိမ့်မယ်လို့ ယူဆပြီး သကာလ...

(BackLight) အပိုင်း အလုပ်,လုပ်ပုံနှင့် အလင်းမထွက်လျှင် ဘယ်အပိုင်းကို ဆက်လက်လှုပ်ရှားရမယ်ဆိုတာကိုတော့...


              ( LCD & BackLight ) ဒုတိယပိုင်း အဖြစ် ...

              သြော်... ဘီဂင်နာ ညီငယ်တွေအတွက် တစ်ခုသတိပေးချင်တာက BL ပိုင်း HV အထွက်တွင်  အသုံးပြုထားသော Rectifier Diode ကိုတော့ Cathode နဲ့ Anode ပြောင်းပြန် မထိုင်မိပါစေနဲ့နော်။ ဘာလို့ဆိုတော့... ရေတင်တဲ့အခါ ရေမော်တာ အ၀င်မှာ အသုံးပြုထားတဲ့ ရေဘားတွေရဲ့ သဘောတရားနဲ့ အတူတူပါပဲ။ ရေမော်တာဖွင့်လိုက်လို့ ရေဘားက ပွင့်ပေးရမယ့်အစား၊ ရေဘားပြောင်းပြန်တပ်ဆင်မိပါက ရေလမ်းကြောင်း ပိတ်ဆို့ပြီး လုံး၀ မစွဲနိုင်တော့ပဲ ရေကို ပိတ်ပြီး တားဆီးထားသလို သဘောမျိုး ဖြစ်နေလို့ပါပဲ...။


              အထက်ပါ အကြောင်းအရာများနှင့် ပါတ်သက်လို့ မှန်ကန်မှု မရှိခဲ့ပါလျှင် ကျနော် လိပ်ပြာရဲ့ လေ့လာမှု အားနည်းနေသေးတယ်လို့ မှတ်ယူပြီး၊  အချက်အလက်တွေ ပြည့်စုံ၊ မှန်ကန်နေ တယ် ဆိုလျှင်တော့ ...  ကျနော် လိပ်ပြာကို နားလည်၊ သဘောပေါက်အောင် သွန်သင်ပြသ၊ သင်ကြားပေးခဲ့တဲ့ ကျနော့်ရဲ့ ဆရာတွေ ဖြစ်ကြတဲ့ ဆရာ ပီး နှင့် ဆရာ အောင်ဖြိုး တို့ရဲ့ သွန်သင်၊ သင်ကြားမှု တော်လို့ပါလို့ ...


ဆက်လက်ကြိုးစားရပါဦးမည်...


ကျနော့်ဆရာတွေကို ရာသက်ပန် ရိုသေလေးစားလျှက်...


Credit To : လိပ်ပြာ@၀င်းထွန်းထွန်းအောင်

#allinonemultimediatvapplication 

#moviesdrive 

#Lifetime 

#5000kyats 

MultipleTech Tv





Post a Comment

Previous Post Next Post